ရာစုသစ်မှာ....ရွံ့ မနေနဲ့ .....မင်းလာခဲ့ ...ရဲရဲသာဖွင့် ကြည့် လိုက်စမ်း....ငါတို့ ရဲ့ ရင်ဘတ်တွေကို
Showing posts with label အလှူ. Show all posts
Showing posts with label အလှူ. Show all posts

Sunday, September 19, 2010

အလှူတော်မင်္ဂလာ ဖိတ်ကြားခြင်း

ကျွှန်တော်များ ချိုချီဝမ် အဖြူရောင် သူငယ်ချင်းများမှ ချူဆောက် အားလပ်ရက် (၂၂ .၉ .၂၀၁၀ ) နေ့ တွင်
ဘုရား အမှူးရှိသောသံဃာ တော်အရှင်သူမြတ်များအား သင်္ကန်း။ယပ် အစရှိသောလှူဖွယ်ပစ္စည်းများနှင့် 
အာရုံဆွမ်းများဆပ်ကပ်လှူဒါန်းမည်ဖြစ်ပါသောကြောင့်  တရားတော်နာကြွရောက်ကြပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျား။
ကျင်းပမည့် နေရာ.....................ဂျယ်ဂျန်းဆန်း နော့  (ဂူချွန်းလီ)
လိပ်စာမသိပါက ...ကိုမျိုးချစ် ....၀၁၀၅၅၈၇၂၈၇၀ ထံသို့  ဖုန်းဆက်နိုင်ပါသည်

Monday, August 2, 2010

ကြည်နူးဖွယ်ရာ အလှူ

အဖြူရောင်တို့ ရေ.........
ဒီနေ့ ဆို တို့ ရဲ့ ကျောင်ဆောင်တိုးချဲ့ တဲ့ အလှူပွဲလေးပြီးမြောက်အောင်မြင်သွားပြီလေ
သပ်သပ်ရပ်ရပ်နဲ့  လေ၀င်လေထွက်ကောင်းပြီး ကျယ်ကျယ်ဝန်ဝန်းရှိသွားတဲ့ အတွက်
ပျော်ရွင်နေတဲ့ ကလေးတွေရဲ့ မျက်နှာ။ကျောင်းထိုင်ဆရာတော်ကြီးနဲ့ ဆရာဆရာမတွေရဲ့ 
ပိတိဖြစ်နေတဲ့ မျက်နှာတွေကိုကြည့် ပြီး ငါတော့ အရမ်းကို ကြည်နူးမိတယ်လေ
ပြီးတော့  မင်းတို့ အတွက်လဲ ငါ အရမ်းကို ဂုဏ်ယူမိတယ်ကွာ
နောက်ပြီးမင်တို့ ရဲ့ အဖြူရောင်အလှူလေးတွေကို တက်ညီလက်ညီနဲ့ေ၇ှဆက်ပြီးဆင်နွဲနိုင်ပါစေလို့ 
ငါဆန္ဒပြုလိုက်ပါတယ်ကွာ
.....................................................ကိုကိုအာကြွယ်
























သစ်ဆိုက်စုံ................ .၁၇၆၅၀၀
သွပ်၊သံဇကာနှင့် အထွေထွေ............၉၂၅၀၀
အုပ်ဖနပ်(၄)လုံး.................... .၂၂၀၀၀
လက်သမားခ................ ၄၀၀၀၀
ဝါးထရံ(၂)ချပ်............. ၁၀၀၀၀
သယ်ပို့ စရိတ်............ ၁၈၀၀၀
အကာပလတ်စတစ်........ ၁၃၅၀၀
စုစုပေါင်း....................... ၃၇၂၅၀၀

Wednesday, June 30, 2010

ဝမ်းမြောက်စွာနဲ့ သာဓုခေါ်

မင်္ဂလာပါ အဖြူရောင်တို့ ရေ
သူခယ်ချင်းတို့ ရဲ့ ယခုနှစ်အတွက်ပညာရေးဒါနလှူဒန်းမှု့ အစုစုအတွက်
ရေစက်ချ ဆွမ်းကပ်လှူဒါန်းပွဲကို နန်းဦးပုညရှင် စာသင်ကျောင်းမှာ
ပြုလုပ်ခဲ့ ကြပါတယ်
ပညာရေးဒါနအတွက်ယခုနှစ်လှူဒါန်းမှု့ များကတော့ 
ကျောင်းသို့ အသွားတံတားအတွက် ...... ၁၀၀၀၀၀ ( ရေလှူစဉ်)
ကျောင်းသုံးပုံနှိပ်စာအုပ်အစုံ(၄၀) ...... ၃၀၀၀၀
ခဲတံ။ခဲဖျက်အစုံ(၂၀၀)အတွက်
စာသင်ခုံ (၁၅)စုံ (၂၅၀၀၀ နှုန်း) ...... ၃၇၅၀၀၀
စာရေးခုံ+ ထိုင်ခုံ
စာသင်ဘောတချပ် ................................၅၀၀၀
အသီးသီးဖြစ်ကြပါတယ်
လှူဒါန်းမှု့ အသီးသီးအတွက်ရေစက်ချရာတွင်မင်္ဂလာရာမ ဆရာတော်ကိုယ်တိုင်
ကြွရောက်ပြီး ရေစက်ချတရားချီးမြင့် ခဲ့ ပါတယ်
နန်းဦးပုညရှင်စာသင်ကျောင်းမှာလဲဆရာတော်၏အုပ်ချုပ်မှု့ အောက်တွင်ရှိသော
ကျောင်းခွဲတစ်ခုဖြစ်ပါတယ်။။လှူဒါန်းမှု့ အတွက်ရေစက်ချ အမျှ ဝေပြီးနောက်
ဆရာတော်ကြီးမှနိုင်ငံရပ်ခြားတွင် ရောက်ရှိ အလုပ်လုပ် ကိုင်နေကြသော်လည်း
မိမိ လူမျိုးများ၏ပညာရေးတိုးတက်စေရန်အတွက် တဖက်တလမ်းမှ တတ်နိုင်သလောက်
ကူညီပေးခဲ့ ကြသော စေတနာရှင် လူငယ်များအား ချီးမွမ်းစကားပြောကြားခဲ့ ပြီး
ကျမ်းမာပျှော်ရွှင်ပြီး ကြီးပွားတိုးတက်စေကြောင်း ဆုတောင်းမေတ္တာများ ပို့ သပေးခဲ့ ပါတယ်
ထို့ နောက်ဆရာတော်သံဃာတော်များအား နေ့ ဆွမ်းဆက်ကပ်လှူတန်းပြီး
ကျောင်းရှိ ကလေးငယ် (၁၀၀) ကျော်အား အဟာရမုန့် များဝေငှပေးခဲ့ ကြပါတယ်
သူငယ်ချင်းများဝမ်းမြောက်စွာ သာဓုခေါ်နိုင်ကြပါစေ<>

Saturday, June 12, 2010

အကူညီတောင်းခံခြင်း

သို့ 
အဖြူရောင်သူငယ်ချင်းများ
ကျောင်းဖွင့် ချိန်ပညာဒါနအလှူအတွက်မှတ်တမ်းဓါတ်ပုံများပေးပို့ လိုက်ပါတယ်
ကျောင်းများအတွက်လိုအပ်နေသော အနေအထားများကိုကျောင်းအလိုက်တင်ပြလိုက်ပါတယ်
(၁ )နန်းဦးပုံညရှင်ကျောင်း
ကျောင်းသားဦးရေ(၉၀) ကျော်ရှိပါတယ်။ကျွှန်တော်တို့ သူငယ်ချင်းများတံတားအတွက်အလှူငွေတစ်သိန်း
လှူဒါန်းထားသောကျောင်းဖြစ်ပါတယ် ကျောင်းအဆောက်အဦးအတွက် အလှူရှင် company တခုမှလှူထားသော်လဲ စာသင်ခုံနျားမရှိသေးပါသဖြင့် ကလေးငယ်များမှာအောက် သံမသလင်း
တွင် ခုံအဟောင်းများဖြင့် စာသင်နေကြရပါတယ် စာသင်ခုံများလှူတန်းနိုင်ရန်အတွက်
ပရီဘောဂဆိုင်တွင်သွားရောက်အပ်နှံရာ စာရေးခုံနှင့် ထိုင်ခုံတစ်စူံလျင် ငွေ (၂၀၀၀၀)ကျပ်ကုန်ကျပါတယ်
ခုံအစုံ (၂၀) ကျော်လိုအပ်လျက်ရှိပြီး။ ကျောင်းသုံးစာအုပ်အစုံ (၄၀)လဲလိုအပ်လျက်ရှိပါတယ်....မိမိတိုတတ်နိုင်သလောက်ပါဝင်လှူဒန်းနိုင်ပါတယ်
(၂) ဈေးညောင်ပင်ကျောင်း
ကျောင်းသားဦးရေ(၇၀)ခန့် ရှိပါတယ်မင်္ဂလာရာမ(ဘ/သ)ကျောင်းနှင့်  အနီအနားမှစေတနာရှင်
များ၏အထောက်အပံနှင့် ရပ်တည်နေရပါတယ် ကျောင်းမှာသေးငယ်ကာ ကျောင်းသားများပြည့် နေပြီး
စာသင်ခုံများမလောက်ငှပါသဖြင့် ကျောင်းအပ်ခြင်းကိုခေတ္တဆိုင်ငံထားရပြီး နောက်ထပ်စာသင်ခုံ သုံးလေး
စုံမျှလှူဒါန်းပေးနိုင်လျင် ပညာသင်လိုသောနောက်ထပ်ကလေးများအတွက်အဆင်ပြေနိုင်ကျောင်း
။အကျိုးဆောင်အဖွဲမှပြောပြပါတယ်
(၃) နန်းဦးရွေစေတီကျောင်း
ကျောင်းသားဦးရေ(၃၀၀) ကျော်ရှိသောဘုန်တော်ကြီးစာသင်ကျောင်းဖြစ်ပါတယ်
ပဲခိုးမြို့ အနောက် ဆင်ဖြူကွင်း သုသာန်အနီတွင်တည်ရှိပြီး မြို့ နှင် အလှမ်းဝေးခြင်း
အနီးပတ်ဝန်းကျင်တွင်ဆင်းရဲ နွမ်းပါးသော အိမ်ထောင်စုများပြားခြင်းတို့ ကြောင့်  ဆရာတော်မှ
ပညာသင်ကြားလိုသောကလေးအားလုံးအားခေါ်ယူပညာသင်ကြားပေးနေခြင်းဖြစ်ပါတယ်
ကလေးများအတွက် အ၀တ်အစားနှင့် စားသောက်စရိတ်များကိုပါတာဝန်ယူပေးလျက်ရှိပါတယ်
ကျောင်းရှိအဆောက်အဦးအားလုံးကို စာသင်ဆောင်များအဖြစ်အသုံပြုထားသဖြင့် ဆွမ်းစားဆောင်ပင်
သီးသန့် မရှိပါ။တဲများထိုးကဲာမြေပြင်ပေါ်တွင်လဲထိုင်ကာစာသင်ကြရပါတယ်
စာတင်ရေး၇န်ခုံမရှိသဖြင့် လက်ပေါ်တွင်ပင်စာအုပ်တင်ကာစာရေးကြရပါတယ်
လိုအပ်ချက်များမှာအများအပြားရှိသော်လဲသူငယ်ချင်းများအနေဖြင့် အဆင်ပြေ။တတ်နိုင်သောအတိုင်အတာလောက်ကိုသာ
လှူဒန်းပေးနိုင်ပါရန်ဆန္ဒပြုလိုက်ပါတယ်
......................................................မ်ျုးကိုကျော်။နေလ

အသိပေးနိုးဆော်ခြင်း











သို့ 
အဖြူရောင်သူငယ်ချင်များ
နွေရာသီကျောင်းဖွင့် ရာသီအတွက် ပညာဒါနလှူတန်းနိုင်ရန်နိုးဆော်အပ်ပါသည်
ပဲခူးမြို့ အနီးဝန်ကျင်မိဘမဲ့ ကလေးများနှင့် ဆင်းရဲနွမ်းပါးသောကလေးများအားပညာသင်ကြားပေးနေသော
ဘုန်တော်ကြီးသင်ကျောင်းများဖြစ်ကြသည့်  ဇီးညောင်ကုန်း။။နန်းဦးပုညရှင်။။ဆပ်ပြာကျင်း....စသောကျောင်းသုံးကျောင်းအတွက် ကလေးငယ်(၁၀၀)ဦးအားကျောင်းအပ်ပေးရန်စီစဉ်လျက်ရှိပါသည်
ဆရာတော်မှကလေးငယ်တဦးလျင်ကျောင်းအပ်စရိတ်(၂၀၀၀)ကျပ်သတ်မှတ်ထားပါသည်
(ကျေင်းသုံးပုံနှိပ်စာအုပ်တစုံ။ဗလာစာအုပ်။ခဲတန်။ကျောင်းဝတ်စုံတစ်စုံ အပါအ၀င်)
ဆင်းရဲနွမ်းပါးသောခလေးများဖြစ်သည့် အတွက် ဆရာတော်မှအ၀တ်အစားနှင့် နေ့ လယ်စာအတွက်ပါ
ကူညီထောက်ပန့် လျက်ရှိပါသည်
ကလေးများ၏ပညာရေးအတွက်လှူတန်းကူညီကြပါရန် နိုးဆော်လိုက်ပါသည်ခင်ဗျား
..........................................................................မျိုးကိုကျော်။။တင်ထွန်းကျော်(နေလ)

သူငယ်တန်းမှ စတုတ္ထတန်းကလေးများအထိ အင်းကျီအသစ်။အဟောင်းများလှူတန်းနိုင်ပါသည်

Monday, May 31, 2010

ငါတို့ စာသင်ကြောင်း


ပန်းကလေးများပွင့် တော့ မည်
ဖူးတန်ဝင့် လို့ ချီ
နေချည်မှာရွေ၇ည်လောင်း
ငါတို့ စာသင်ကျောင်း။။

...................................( ၁ ).......................
မင်္ဂလာပါ အဖြူရောင်တို့ ရေ..........
အခုဆိုရင် မေလကုန်လို့ ဂျွန်လထဲရောက်လာပြီပေါ့ လေ
ဂျွန်လရောက်ပြီဆိုတာနဲ့ မုတ်သုန်မိုးရာသီကလဲ အတူပါလာတယ်လေ
မိုးရွာပြီဆို ငါတို့ မိုးရွာထဲဘော်လုံးကန်ကြ။ မိုးရေချိုးကြနဲ့ တအားပျော်ကြတာပေါ့ ကွာ
ငါကတော့ မိုးရာသီကိုချစ်တယ်လေ
အဲဒီအပျော်တွေထဲကမှပျော်စရာအကောင်းဆုံးကတော့ 
တို့ ကျောင်းတွေပြန်ဖွင့် တာလေ ..ကျောင်းပြန်တက်ရတော့ မယ်ဆိုတဲ့ အသိက
ငါတို့ အပျော်ကိုပိုမိုဝေဆာပွင့် ဖူးစေတယ်လေ
မင်းတို့ တော့ မှတ်မိသေးရဲ့ လားမသိဘူးနော်..ငါကတော့ အခုပြန်တွေးကြည့် လေ ခုပျော်လေပါပဲကွာ
ဖေဖေတို့ မေမေတို့ ရှေမှာ ကျောပိုးအိပ်ကြီးပိုးထား။အင်ကျီဖြူ ဘောင်းဘီအစိမ်းဝတ်ပြီး
ကျောင်းသားကြီးလုပ်ပြတာလေ
အဲဒီမှာ မေမေကမေးတယ်လေ သားကြီးလာရင်ဘာလုပ်မှာလဲတဲ့ 
ငါကဆရာဝန်ကြီးလုပ်မယ်ဆိုတော့  မေမေကငါ့ ကိုဆွဲဖတ်ပြီးတအားနမ်းတယ်လေ
ဖေဖေတို့  ကိုကိုတို့ ကလက်ခုပ်ဝိုင်းတီးပြီးငါတို့ မိသားစုလေးအရမ်းကိုပျော်ခဲ့ ကြတာပေါ့ ကွာ
....................................( ၂ )...........................
ဟေ့ ကောင်အောင်ဘု
ဟေ...ဘာလဲကွ
မင်းဘယ်သွားမလို့ လဲ
ငါဈေးသွားရောင်းရမယ်လေကွာ
ဟေ့ ကောင်..ဒီမှာကြည့် စမ်း ငါ့ ကျောပိုးအိပ်လေး
မလှဘူးလားက
လှတာပေါ့ ကွာ
ဒါ..ငါကျောင်းတက်ဖို့ ငါအဖေ၀ယ်ပေးထားတာလေ
အော်.....................
မင်းရော..ကျောင်းမတက်ဘူးလားကွ
ငါလား...........တက်ချင်တာပေါ့ ကွာ ..ဒါပေမဲ့ မသိပါဘူးကွာ
အိမ်မှာအဖေကတော့ စိတ်ညစ်တယ်ပြောနေတာပဲကွ
အမေကတော့ ဒီဈေးပဲဆက်ရောင်းရမယ်ပြောတာပဲ
စာတတ်ရင်ဘာလုပ်ရမှာလဲတဲ့ 
နောက်ပြီး.ငါ့ မှာ လွယ်အိပ်လဲမရှိပါဘူးကွာ.....
.............................( ၃ ).........................
အဖြူရောင်တို့ ရေ................
မင်းတို့ ငါတို့ တွေဟာဘယ်လိုဘ၀ကိုပဲ ဖြတ်သန်းကြီးပြင်းလာခဲ့ လာခဲ့ 
ငါတို့ ငယ်ငယ်တုန်းကကျောင်းတက်ချင်တဲ့ စိတ်ကတော့ အတူတူရှိနေမှာပါကွာ
အခုဆိုရင် ကျောင်းဖွင့် ချိန်ရောက်လာပြီလေ ဒီလိုအချိန်မှာ
တချို့ ဆိုရင်ပျော်ပြီး....တချို့ ဆိုရင်ငို နေကြပြီလေ
ယနေ့ လူငယ်..နောင်ဝယ်လူကြီးဆိုတဲ့ အတိုင်း
ငါတို့ တိုင်ပြည်ရဲ့ အနာဂတ်အဖူးအပွင့် တွေကို့ ပြုစု့ ပျိုးထောင်ကြရမယ်လေ
ငါတို့ တတွေ အဲ့ ဒီလို မပြည့် စုံ ။ချို့ တဲ့ ကလေးတွေပညာသင်ကြားနိုင်ဖို့ အတွက်
ကျောင်းအပ်ပေးနိုင်ဖို့ ကြိုးစားနေကြတယ်လေ...အဲဒီထဲမှာ မင်းတို့ လဲ အုပ်တချပ်
သဲတပွင့်  အဖြစ်ပါဝင်စေချင်တယ်လေ။။
မင်းတို့ ပါဝင်ကူညီကြမယ်လို့ လဲငါ ရဲရဲကြီးယုံကြည်ပါတယ်ကွာ
....................................................................အာကြွယ်

Thursday, May 20, 2010

အသိပေးနှိုးဆော်ခြင်း















အဖြူရောင်တို့ ရေ

ဒီဓါတ်ပုံထဲမှာပါတဲ့ ဝါးတံတားအဟောင်းကို အသစ်ပြန်တောက်နေတဲ့  တံတားအသစ်အတွက်ငွေ (၁၀၀၀၀၀)လှူတန်းထားပါတယ်။မိဘမဲ့ ကလေးများနဲ့ ပတ်ဝန်းကျင်မှဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်များကိုပညာဒါနပြုပေးနေတဲ့ နန်းဦးပုညရှင် ဘုန်တော်ကြီးစာသင်ကျောင်းသို့ သွားရာ တံတားလေးဖြစ်ပါတယ် ဆရာတော်ကဆွေတော်ဦးစိန်ချောင်းတံတားလို့ ပေးထားပါတယ် ၀ါးတံတားမှာနှစ်စဉ်ပြုပြင်နေရပြီး မိုးတွင်ရေများစီချိန်တွင်ကျောင်းသို့ လာရောက်သောကလေးငယ်များအတွက်အလွန်အန္တာရာယ်များသောကြောင့် ယ္ခုကဲ့သို့ ခိုင်ခံလှသောကွန်ကရစ်လှသောကွန်ကရစ်တံတားကိုတ်ာဆောက်ရခြင်းဖြစ်ကြောင်းတံတားမှာ ကိုယ်တိုင်လုပ်အားပေးနေသောဆရာမှတဦးမှပြောပြပါတယ် ကျောင်းဖွင်ရာသီအမှီ ကျောင်းအသစ်ကိုလဲဆောက်လုပ်လျက်ရှိပါတယ် ကျောင်မှာအတော်အသင့် ပြီစီးနေပြီဖြစ်သော်လည်း စာသင်ခုံများနှင့်  black board များမရှိသေးပါ သဖြင့်  အလှူရှင်များလိုအက်နေပါကြောင်း ကျောင်းအကျိုးတော်ဆောင်တဦးမှပြောပြပါတယ်

သူငယ်ချင်းများရဲ့ လှူဒါန်းမှု့ အတွက် ၀မ်းမြောက်စွာ သာဓုခေါ်လိုက်ပါတယ်။။

...........................................................................myo ko kyaw

Monday, May 17, 2010

ရေ အလှူရှင်များ

ကိုသန့် ဇင် =w 100000
ကိုရဲမြတ်ဦး =w 60000
ကိုဇေယျာသော် =w 50000
ကိုတာတီး =w 30000
ကိုထွန်းလင်း =w 30000
ကိုတင်ဇော်အောင် =w30000
ကိုအာကြွယ် =w 30000
ကိုထွန်းဝင်း =w30000
ဂျယ်ဂျမ်းဆန်းနော့  =w60000
ကိုနေ၀င်းဆန်း =w15000
ကိုမျိုးဇာနည်ထွန်း =w15000
ကိုကိုစစ်သား =w 40000
ကိုမွန်လေး =w 60000
ဝေလင်းမောင် =w 30,000
သန့်ဇင်ဝင်း =w 30,000
ကိုကိုနိုင် =w 30,000
ဖိုးသား =w 30,000
ကိုကျော်မင်းသိန်း =w30,000
ကိုစိုးအာကာမိုး =w 10,000
ကိုထွန်းဝင်းအောင်=w 20,000
ကိုဇေယျာဦး =w10,000
ကိုတင်မျိုးဦး =w20,000
ကိုဇော်လင်း+မအေမီ =w20,000
ကိုမြင့်လွင် =w20,000
ကိုအောင်ကြီး =w10,000
သူရအောင် =w10,000
ကိုဌေးအောင် =w 10,000 (ကိုဖိုးသားနှင့် သူငယ်ချင်များအထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျား)

*အလှူရှင်များအား ဆက်လက်ဖော်ပြပေးပါမည် ခင်ဗျား
ရေအကျိုး(၁၀)ပါး မတောင်းပဲနဲ့ ပြည့် ဝကြပါစေ။။
............................................................အဖြူရောင်သူငယ်ချင်များ

Saturday, May 15, 2010

အသိပေးအပ်ပါသည်




12 5 2010 ညောင်ကားယား ရွာတွင်လှူတန်းပုံ



၁၃.၅.၂၀၁၀







၁၄.၅.၂၀၁၀ သက္ကလကျေးရွာ



ဒီကနေ့ က၀မြို့ နယ်အတွင်းမှရွာများကို ရောက်ခဲ့ ပါတယ် နံနက်ပိုင်တွင်သ့က္ကလကျေးရွာရှိစာသင်ကျောင်းတစ်ကျောင်းရေလိုအက်နေမှု့ နှင့် နာရေးဖြစ်နေသော
အိမ်တစ်အိမ်၏ ရေလိုအပ်နေမှု့ တို့ ကိုအကူအညီပေးခဲ့ ပါတယ်သက္ကလကျေးရွာရှိ ဘုန်ကြီးကျောင်း(၅)
ကျောင်းတို့ အား ရေသန့် ဘူးများကပ်လှူခဲ့ ကြပါတယ် ညနေပိုင်းတွင်ရေကားသုံးစီးအား ခရမ်းကျေးရွာရှိ
သောက်သုံးရေကန်များတွင်ရေများဖြည့် ပြီး မင်းရွာ အနီးပတ်ဝန်းကျင်ရှိ ရွာများအား သွားရောက်ကာ
ရေလိုအပ်နေမှု့ များအားကူညီခဲ့ ကြပါသည်။။