ရာစုသစ်မှာ....ရွံ့ မနေနဲ့ .....မင်းလာခဲ့ ...ရဲရဲသာဖွင့် ကြည့် လိုက်စမ်း....ငါတို့ ရဲ့ ရင်ဘတ်တွေကို

Sunday, September 5, 2010

မွေးနေ့ 

အဖြူရောင်တို့ ရေ
၃၆....တဲ့ လား....
ဘယ်သူမှမကြားစေနဲ့ ကွယ်။။
ငါအသက်ကြီးသွားပြီလားဟင်...
ပြောမဲ့ သာပြောတာပါ
ထင်မဲ့ လူ မရှိနိုင်ပါဘူးနော့် 
ကိုယ်ပုံစံက အရမ်း နုပြီး ဥနေတော့ 
သူတို့ မယုံတာဘာမှမဆန်း
ကိုယ်စတိုင်က ....တအားလန်းတယ်လေ။။
ဒီလိုပါပဲကွာ
ရုပ်ချော။သဘောကောင်း။မနောဖြူတော့ 
ချစ်တဲ့ သူများတာဘာမှမဆန်းပါဘူး
ခင်ဗျားတို့ ကြားလိုက်သေးလား
city FM က
မွေးနေ့ ဆုတောင်းကန္ဒ
နှစ်ရက်ဆက်တိုက် လွင့် လိုက်ရတယ်
ဒါပေမဲ့ စိတ်မကောင်းတာတခုက
ဒီလိုပျော်စရာ မွေးနေ့ ပွဲမှာ
ငါ အရမ်းချစ်တဲ့ သူ
အနားမှာရှိမနေတာပဲ
ဘုတ်အိရေ................
မင်းပေးမဲ့ မွေးနေ့ လက်ဆောင်
အာဝါး
ငါ ခပ်ပါးပါးလေး လွမ်းတယ်။။
ခုတော့ ဒီမှာ
ဗရုပ်သုတ်ခ သူငယ်ချင်းတွေနဲ့ 
မဟုတ်က ဟုတ်ကတွေပြောရင်း
ငါ့ မွေးနေ့ ပွဲဟာ
စုတ်စုတ်ပြတ်ပြတ်နဲ့ လှပ
ကြယ်တွေစုံတဲ့ ညလို့  တောက်ပနေတယ်။။
ရှူးတိုးတိုး...........
၃၆ နှစ်တဲ့ လား
ဘယ်သူမှ မကြားစေနဲ့ ကွယ်။။
....................................ကိုကိုအာကြွယ်

No comments:

Post a Comment